မနေ့ကThestarသတင်းစာရဲ့သတင်းတစ်ပုဒ်ကိုမလေးရှားရောက်
ဧဒင်ဥယျာဉ်အဖွဲ့ဝင်တွေဖတ်လို့
ရအောင်ဘာသာပြန်တင်ဆက် ပေးလိုက်ပါတယ် ။
ပြီးခဲ့တဲ့ 27.2.2013 က နိုင်ငံခြားသား တစ်ဦးရဲ့ အလောင်းလို့ယူဆရတဲ့
သင်္ဘောသား တစ်ဦးရဲ့ အလောင်း ဂျိုဟိုးပြည်နယ် ပင်လယ်ရေပိုင်နက် မှ
4.2
မိုင်အကွာ တန်ဂျုန်းပအိ ကမ်းရိုးတန်း အနီးမှာ ပေါလောမျော
နေတာကိုတွေ့ခဲ့ရပါတယ် ။
ထိုအလောင်းတွင် လိမ္မော်ရောင် တောက်တောက် အသက်ကယ် အကျီဝတ်ဆင်ထားပြီး
အကျီ
အနောက် ကျောပေါ်တွင် ORKIM ဟုရေးသားထားပါတယ် ။ ထို ORKIM အမည်မှာ
မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေဆိုက် ရေကြောင်းပို့ဆောင်ရေး
ကုမဏီတစ်ခုဖြစ်တယ်လို့လည်း ဖော်ပြသွားခဲ့
ပါတယ် ။
ထိုအဖြစ်အတွက် မလေးရှားနိုင်ငံ ရှိ ရေကြောင်းပို့ဆောင်ရေး ကုမဏီများကို
သတိပေးချက်များ
ပေးပို့ထားပြီး ထိုအလောင်းအတွက် ပိုင်ရှင်ရှာ
ဖွေနေတယ်ဆိုတယ်လို့လဲ မလေးရှား ရေကြောင်း
ထိန်းသိမ်းရေးရဲအရာရှိ Supt
N.Kalai Chelvan ကရှင်းပြောကြားသွားခဲ့ပါတယ် ။
ထိုအလောင်းသည် စုံစမ်း စစ်ဆေးချက်များအရ အသက် 29 နှစ်အရွယ်ရှိ
မြန်မာနိုင်ငံသား ရေကြောင်း လုပ်သား တစ်ဦးဖြစ်ကြောင်း ၊ သင်္ဘောပေါ်မှ
ပြုတ်ကျခဲ့ပုံရသည်ဟု ယူဆကြောင်း ပြောကြားခဲ့သော်
လည်း
ဆက်လက်စုံစမ်းမှု့များပြုလုပ်သွားမည် ဟုလည်းအရာရှိက ပြောကြားခဲ့ပါတယ် ။
အဆိုပါ အလောင်းအား Sultanah Aminah Hospital ရင်ခွဲရုံတွင်
သိမ်းဆည်းထားပြီး ဆက်လက် စစ်ဆေးမှု့များပြုလုပ်သွားမည်ဖြစ်ကြောင်း Thestar
သတင်းစာမှာ ဖော်ပြသွားခဲ့ပါတယ် ခင်ဗျာ ။
0 comments:
Post a Comment