10 November 2012

လင်းယုန်မ နှင့် မြေခွေးမ

လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. .


သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . .
 မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . .
 တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . .

 ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . .

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . .
ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. .

သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . .
 ဒါပေမယ့် မကြာပါဘူးလေ. . 
မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .

လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .
ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... 
အဲဒီအချိန် မှာ လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော တဲ့. . .

အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်. .
 ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက်တယ်. .

(ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့်. . .
 ဘုရားသခင် ရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ. . . )

အီစွတ်ပုံပြင်

0 comments:

Post a Comment